Close

Bring Back Learning To Children

Bring Back Learning To Children

၂၀၁၉ ခုနှစ်ကစလို့ COVID-19 ရောဂါပိုးကြောင့် ကျောင်းနေအရွယ်ကလေးငယ်တွေထဲက မူလတန်းအရွယ် ကလေးငယ်ပေါင်း ၉.၇ သန်းလောက်က စနစ်တကျပညာသင်ခွင့်ဆုံးရှုံးခဲ့ကြရပါတယ်။ ကျောင်းပညာရေးဆိုင်ရာ သင်ကြားပေးနေသော ကျောင်းများမှာလည်းပိတ်ထားလိုက်ရပါတယ်။ ဒီလိုနဲ့ ရပ်ရွာကောင်းကျိုးရှေ့ရှုပြီး ကျောင်းနေအရွယ်ကလေးငယ်များအား သင်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် ပြတ်တောက်သွားမှုမရှိစေရန် နှင့် သင်ယူလိုစိတ်လျော့ကျကာ ကျောင်းထွက်သွားသည်အထိမဖြစ်စေရန်အတွက် ဤစီမံကိန်းကိုလုပ်ဆောင်ခြင်းဖြစ်ပါသည်။

ဤစီမံကိန်းတွင် စီမံချက် (၃) ခုပါဝင်ပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပထမတစ်ခုမှ မူကြိုအရွယ်ကလေးများ သင်ကြားမှုရရှိရေး၊ ဘာသာစကားဆိုင်ရာဖွံ့ဖြိုးရေးနှင့် မိဘပညာပေး စီမံချက်ဖြစ်သည်။
  • ဒုတိယစီမံချက်မှာ မူလတန်းနှင့် အလယ်တန်းကလေးငယ်များအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ စာပေများအားဝိုင်းဖွဲ့စာဖတ်ခြင်း၊ ပြန်လည်အသုံးချစေခြင်း နှင့် လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးခြင်းဖြစ်ပါသည်။
  • တတိယစီမံချက်မှာမူ ဆယ်ကျော်သက်အရွယ် ကျောင်းမနေတော့သည့် (သို့) ကျောင်းပြင်ပရောက် ကလေးများအတွက် လူမှုရေး နှင့် ပေါင်းသင်းဆက်ဆံရေး၊ စာရိတ္တ နှင့် ကျင့်ဝတ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာစေရန်အတွက် အထောက်အကူ ပေးခြင်းဖြစ်သည်။

လက်ရှိတွင် ဤစီမံကိန်းအား ကယားပြည်နယ်ရှိ ဒီမောဆိုမြို့နယ်၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်၊ ပဲခူးတိုင်းရှိ ကျောက်ကြီးမြို့နယ် နှင့် ညောင်လေးပင်မြို့နယ်၊ ဧရာဝတီတိုင်းရှိ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ် နှင့် ဟင်္သတမြို့နယ် အစရှိသည်တို့သာမက တနင်္သာရီတိုင်းရှိ ထားဝယ် နှင့် မြိတ်ဒေသများတင် အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင်သာမက အခြားပြည်နယ်နှင့် တိုင်းများ တွင်လည်း တိုးချဲ့လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *